Tuesday, 06 December 2016 08:26

မင်္ဂလာမဆောင်ခင် ကြိုတင်ပြင်ဆင်ထားရန်

သတို့သမီးဟာ လက်သည်း၊ ခြေသည်း အလှဆင်မှုကို အပြီးသတ်ရမယ့် ရက်ပဲဖြစ်ပါတယ်။

အခုရက်မှာ လက်သည်း၊ ခြေသည်း အလှဆင်မှု အပြီးသတ်ခြင်းဖြင့် ထိခိုက်ပွန်းပဲ့မှု နည်းပြီး လှပနေမှာဖြစ်ပါတယ်။

စိတ်တည်ငြိမ်စွာထားပြီး လုပ်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်ခြင်း၊ စိတ်ဖိစီးမှု လျော့နည်းစေရန်နဲ့ ပူလောင်မှု ကင်းဝေးစေရန် နွေးနွေးထွေးထွေးနဲ့ ရေချိုးသင့်ပါတယ်။

အကြောအချဉ် ပြေလျော့စေနိုင်မယ့် ရေချိုးဆပ်ပြာဆီလေးနဲ့ နှိပ်နယ်ပြီးမှ ရေချိုးသင့်ပါတယ်။

နောက်ရက် မင်္ဂလာပွဲအတွက် စိတ်ပူပင်မှုတွေကို ခဏတာမေ့လျော့ထားပြီး စောစောအိပ်ယာဝင်လိုက်ခြင်းဖြင့် ခဏတာပင်ပန်းမှုကို အနားယူသင့်ပါတယ်။

ကျန်းမာရေးအတွက် အထူးသင့်လျော်မယ့် ပေါ့ပေါ့ပါးပါး မနက်စာ စားသုံးသင့်ပါတယ်။ တစ်နေ့တာလုံးအတွက် လုံလောက်မယ့် ပရိုတိန်းဓါတ်နှင့် သစ်သီးတို့ကို စားသုံးသင့်ပါတယ်။

မင်္ဂလာပွဲနေ့တွင်လည်း အနည်းဆုံး ၃ နာရီခန့်အလိုတွင် အသင့်ဖြစ်နေအောင် ပြင်ဆင်ထားသင့်ပါတယ်။

မင်္ဂလာချိန်မတိုင်မီ ဒီလိုကြိုပြီး ပြီးစီးအောင် ပြင်ဆင်ထားခြင်းဖြင့် စိတ်ဖိစီးမှု ကင်းလွတ်မည်ဖြစ်သလို အချိန်အတွက် အလောတကြီး ဖြစ်စရာ မလိုအပ်တော့ပဲ လုပ်ကိုင်စရာ ရှိသည်များကို ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်နိုင်ပါလိမ့်မယ်။

နောက်ဆုံးအနေဖြင့် သင်အနှစ်သက်ဆုံး ရေမွှေးလေးကို ဆွတ်ဖျန်းလိုက်ပြီး ပေါ့ပါးလန်းဆန်းစွာ မင်္ဂလာပွဲကို ဆင်နွှဲနိုင်ပါလိမ့်မယ်။

Read 2285 times
Rate this item
(1 Vote)

Our Verticals