Monday, 28 November 2016 04:55

မင်္ဂလာပွဲချိန်မရောက်ခင် ကြိုတင်ပြင်ဆင်ရန် အချက်များ

သင့်ရဲ့နေ့ထူးနေ့မြတ်ကြီးကတော့ ရောက်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်

မင်္ဂလာပွဲအတွက် စီစဉ်စရာတွေ ပြီးသွားပြီလို့တော့ ဆိုလို့မရသေးပါဘူး။ မင်္ဂလာစကြလမ်းပေါ် ဖြတ်မလျှောက်ခင်မှာ သတို့သမီးအတွက် သတိပြုရမယ့် အချက်လေးတွေကို သိစေချင်ပါသေးတယ်။

လိုက်ဖက်မယ့် တေးဂီတရွေးချယ်ပါ

ကော့တေးသောက်သုံးချိန်မှာ ဘယ်လိုသီချင်းမျိုး ဖွင့်ထားရင် အဆင်ပြေမလဲ။ ကနေချိန်၊ ပါတီချိန်တွေအတွက် လိုက်ဖက်မယ့် ဂီတသံစဉ်အမျိုးအစားကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒါက မင်္ဂလာပွဲရဲ့ တေးဂီတကို တာဝန်ယူထားတဲ့ ဒီဂျေကို သီချင်းအတိအကျ သတ်မှတ်ပြီး သူရဲ့လုပ်ပိုင်ခွင့်ကို နှောင့်ယှက်သလိုမျိုးတော့ မဖြစ်စေပဲ သင်ရွေးချယ်ထားတဲ့ အချိန်အခါအလိုက် တေးဂီတအမျိုးအစားတွေက သူဘယ်လို သီချင်းမျိုး ဖွင့်ရမယ်ဆိုတာကို အကြံပေးနိုင်မှာ ဖြစ်ပါတယ်။

သင့်ကိုကူညီမယ့်သူရှာထားပါ

မင်္ဂလာရက်မှာ သေချာတာတစ်ခုကတော့ လူတိုင်းသင့်ကို တစ်ခုခုမေးချင်နေကြမှာပါ။ ဒီလိုအချိန်မှာ ထူပူပြီး စိတ်ဖိစီးမှုတွေ မရှိစေဖို့ သင့်အတွက် လိုအပ်တဲ့အချိန်မှာ ကူညီဖြေပေးနိုင်ဖို့ သတို့သမီးအရံဖြစ်ဖြစ် အကူတစ်ယောက်ယောက်နဲ့ ညှိထားသင့်ပါတယ်။

လက်ဆောင်အိတ်လေးတွေ ကြိုတင်ပြင်ထားပါ

သင့်ဘဝရဲ့ ကြီးမြတ်တဲ့ပွဲကြီး ဖြစ်မြောက်လာဖို့ အဖက်ဖက်ကနေ ကူညီပေးကြတဲ့ ပွဲစီစဉ်သူတွေ၊ မိတ်ဆွေတွေကို သင်လက်ဆောင်ပေးချင်မှာပါ။ ပွဲပြီးချိန်မှ ကမန်းကတန်း စာအိတ်ထဲငွေထည့်ပြီး လက်ဆင့်ကမ်းနေတာထက် ပွဲမတိုင်ခင် ကတည်းက ကိုယ်ပေးလိုသူတွေကို စိစစ်ပြီး လက်ဆောင် စာအိတ်လေးတွေ ကြိုပြင်ထားသင့်ပါတယ်။

Read 1236 times
Rate this item
(2 votes)

Our Verticals