Friday, 14 October 2016 09:31

Wedding Venue - 2

မင်္ဂလာနေရာဆိုတာ သတို့သား၊ သတို့သမီးကလည်း အဆင်ပြေပြီး ဖိတ်ကြားထားသော ဧည့်သည်များနှင့် လည်း

အဆင်ပြေသော နေရာကို ရွေးချယ်သင့်ပါတယ်။ မင်္ဂလာရက် သတ်မှတ်ပြီးပြီဆိုရင်ဖြင့် ခန့်မှန်းကုန်ကျငွေနှင့် ရာသီဥတုပေါ်မူတည်ပြီး ဟိုတယ်၊ ဘုန်းကြီးကျောင်း၊ စားသောက်ခန်းမနဲ့ ပန်းဥယျာဉ် လားဆိုတာကို နှစ်ဦးနှစ်ဘက် သေသေချာချာ စဉ်းစားပြီး ရွေးချယ်ရန်လိုအပ်လာပါပြီ။

မင်္ဂလာခန်းမ

ခန်းမအများစုဟာ ခန်းမကျယ်ပုံစံဖြစ်နေတဲ့ အတွက်ကြောင့် မိမိတို့စိတ်တိုင်းကျ ဒီဇိုင်းပုံစံဖော်နိုင်ပါတယ်။ ကနဦး စီစဉ်ဆောင်ရွက်မှုများအတွက် အသေးစိတ်အချက်အလက်များကို အရင်ဆုံးစဉ်းစားရန် လိုအပ်ပါတယ်။ ခန်းမတွင် မင်္ဂလာဆောင်မယ်လို့ ဆုံးဖြတ်ပြီးတိုင်း အခမ်းအနားအပြင်ကို မိမိဘာသာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

လေဟာပြင်

မိမိနေအိမ်ခြံဝင်း၊ ပန်းခြံ၊ ဟိုတယ်မြက်ခင်းပြင်တို့တွင်လည်း မင်္ဂလာပွဲကို သင့်စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ စိတ်လွတ်ကိုယ်လွတ် သဘောကျနှစ်သက်စွာ မိမိကြိုက်နှစ်သက်မည့် ဘောလုံးအရောင်၊ ပန်းအမျိုးမျိုးတို့ကို ပုံစံဖော်၍ သင့်စိတ်တိုင်းကျ မင်္ဂလာအခမ်းအနားအပြင်အဆင်ကို စီစဉ် ဆောင်ရွက်နိုင်ပါတယ်။

Read 922 times
Rate this item
(2 votes)

Our Verticals